ချင်းရွှေဟော် ဒီဇင်ဘာ ၁၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ် ဝင်ရောက် လျက်ရှိရာ ယမန်နေ့ ညနေ(၆)နာရီအချိန်က နေရပ်ပြန်ပြည်သူ(၂၂)ဉီး ထပ်မံဝင်ရောက်လာခဲ့သည်။
အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၂၂)ဉီးတို့မှာ အမျိုးသား(၁၁)ဉီး၊အမျိုးသမီး(၁၁)ဉီးတို့ဖြစ်ပြီး စစ်ကိုင်း တိုင်း ဒေသကြီး၊ ကလေးမြို့နယ်မှ(၁)ဉီး၊ မကွေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်မှ(၂)ဉီး၊ မြိုင်မြို့ နယ်မှ(၂)ဉီး ၊ ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်မှ(၁)ဉီး၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ(၁)ဉီး၊ သိန္နီမြို့နယ်မှ(၉)ဉီး၊ ကွတ်ခိုင်မြို့နယ်မှ(၁)ဉီး၊ နမ့်ဆန်မြို့နယ် မှ (၁)ဉီးနှင့် ကွမ်းလုံမြို့နယ်မှ(၄)ဉီးတို့ ဖြစ်သည်။
ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၂၂)ဉီးမှ ချင်းရွှေဟော်မြို့နှင့် ထိစပ် လျက်ရှိသည့် လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်မှ နေရပ်ပြန်ပြည်သူ(၄)ဉီးအား ကွမ်းလုံမြို့နယ်မှ တာဝန်ရှိသူများ နှင့် ချိတ်ဆက်ပြီး အထကကျောင်းရှိ Quarantine Center သို့ စနစ်တကျစီစဉ်လွှဲပြောင်းပို့ဆောင်ပေးခဲ့ကာ ကျန်ရှိသည့် အခြားမြို့နယ်များမှ နေရပ်ပြန် ပြည်သူ(၁၈)ဉီး တို့အား ချင်းရွှေဟော်မြို့၊အမှတ်(၂)ရပ်ကွက်၊အခြေခံပညာအထက်တန်းကျောင်းတွင် အသွား အလာကန့်သတ်စောင့်ကြပ်၍ သီးခြား ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှ ၎င်းတို့အား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit ဖြင့်စစ်ဆေးခြင်းနှင့် ဓါတ်ခွဲနမူနာ Swab များ ရယူပြီးစစ်ဆေးနိုင်ရန် မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက် ပို့ဆောင် စစ်ဆေး သွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီ ထံမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)