ဟားခါးမြို့တွင် ကိုဗစ်-၁၉ရောဂါ Case-88592နှင့် Case-88593တို့တွင် (၂)ကြိမ်ဆက်တိုက် ရောဂါပိုး မတွေ့ရှိတော့သဖြင့် ဟားခါးမြို့ဆေးရုံမှ ဆင်းခွင့်ပြု

ဟားခါး  ဒီဇင်ဘာ ၁၀

ချင်းပြည်နယ် ဟားခါးမြို့မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ Case-88592 နှင့် Case-88593တို့ကို ဟားခါးမြို့ တိုင်းရင်း ဆေးရုံကြီးသို့ ကြီးကြပ်ကန့်သတ်၍ ဆေးကုသမှုခံယူနေရာမှ ဓာတ်ခွဲစစ်ဆေးမှုတွင် ()ကြိမ်ဆက်တိုက် ရောဂါပိုး မတွေ့ရှိရတော့သဖြင့် ယမန်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ Case-88592 နှင့် Case-88593 တို့တွင် ()ကြိမ်ဆက်တိုက်  ရောဂါပိုး မတွေ့ရှိရတော့သဖြင့် ဆေးရုံက ဆင်းခွင့်ရပြီး ၄င်း၏နေအိမ်တွင် Home Quarantine()ရက် ဆက်လက်နေထိုင်ကြရန် မှာကြားခဲ့ကြောင်း၊ ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များတွင် ရောဂါပိုး ပိုမိုတွေ့ရှိရကြောင်း၊ လက်ရှိ တိုင်းရင်းဆေးရုံတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိပြီး ဆေးကုသမှု ခံယူကျန်ရှိနေသူ ()ဦးရှိကြောင်း ဟားခါးမြို့နယ်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးခြင်းကို ကြီးကြပ် ဆောင်ရွက်ရာတွင် ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိပြီး ပြည်နယ်ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်နယ်ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့မှ တာဝန်ရှိသူများက Swab နမူနာ စစ်ဆေးခြင်း ရှိန်အဟုန်မြှင့် ဆောင်ရွက်မှု အခြေအနေများအား ကွင်းဆင်း ကြီးကြပ်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့သို့ ဝင်/ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးပြီး Negative အဖြေရသူများကိုသာ ဝင်/ထွက်သွားလာ ခွင့်ပြုမည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးပြီး Positive အဖြေရသူ ရှိခဲ့လျှင် ဟားခါး ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင် ဆေးကုသမှု ခံယူစေမည် ဖြစ်ကြောင်း၊ ဟားခါးမြို့ အဝင်စစ်ဆေးရေးဂိတ်တွင် နံနက်ပိုင်း()နာရီမှ (၁၁)နာရီအထိ၊ ညနေပိုင်း()နာရီမှ ()နာရီအထိ အချိန်နှစ်ပိုင်းခွဲ၍ ဆက်လက် စစ်ဆေးသွား မည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးပြီး Negative အဖြေရသူများကိုသာ (Swab Negative Certificate)ထောက်ခံစာ မြို့တွင်းဝင်/ထွက် သွားလာခွင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ Swab နမူနာ()ကြိမ် စစ်ဆေးလျှင် ငွေကျပ်(၁၀၀၀၀) ပေးဆောင်ရမည် ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးလျှင် စစ်ဆေး Negative (သို့မဟုတ်) Positiveသိရှိနိုင်ရန် (၂၅)မိနစ်နှင့် မိနစ်(၃၀)ကြာမြင့်ကြောင်း၊ ကျန်းမာရေး စစ်ဆေးခြင်းကို လိုက်နာမှု မရှိသူများအား မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

အောင်ခွီရှိန်းခရိုင်(ပြန်/ဆက်)