မြစ်ကြီးနားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

မြစ်ကြီးနား  ဒီဇင်ဘာ ၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် နာရီက ရွှေညောင်ပင်ရပ်ကွက်ရှိ ဝက်ကုန်းဈေး၌ (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ Mask များ အခမဲ့ဖြန့်ဝေရာတွင် ပြည်နယ်ကြက်ခြေနီဦးစီးမှူး (တတိယ)တန်း ဦးဝင်းဇော်ထွန်း ဦးဆောင်၍ ကြက်ခြေနီ စေတနာလုပ်အားရှင် (၂၈)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရွှေညောင်ပင် ရပ်ကွက်ရှိ ဝက်ကုန်းဈေး အတွင်း/အပြင် ဈေးရောင်း/ဈေးဝယ်များနှင့် လမ်းသွား/လမ်းလာများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ နေအိမ်ပြင်ပ ထွက်ခွာရာတွင် Mask များ မဖြစ်မနေတပ်ဆင်စေရန် အသိပညာ ပေးခြင်းနှင့် Mask အခု (၂၀၀၀)အား အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။

စိန်ဝင်း(ပြန်/ဆက်)