ဝိုင်းမော်၌ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ

ဝိုင်းမော်  ဒီဇင်ဘာ ၁၀

ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ -၁၂-၂၀၂၀ ကျရောက်သည့် နှစ်တစ်ရာပြည့်၊ အမျိုးသား အောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင် အတွဲ() အမှတ်() စောင်ရေ(၂၅၀)ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲချိန်က ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေးဥပဒေ အကြောင်းအရာများ၊ ပညာရေးမြှင့်တင်မှု နှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ကောက်နုတ်ချက်များ၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး အမည်များ၊ ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ကဗျာ စသည့် အမျိုးသား အောင်ပွဲနေ့ နှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် ဗဟုသုတရှိစေမည့် အချက်အလက်များ ပါဝင်ပြီး အဆိုပါ သတင်းစကား လက်ကမ်း စာစောင်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံ၍ စောင်ရေ-၁၀၀၀၀၀ကို အခမဲ့ထုတ်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)