မိုင်းရယ် ဒီဇင်ဘာ ၁၀
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ဦးစီးထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအား ယမန်နေ့နံနက် (၉)နာရီ က မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက မြို့မစျေးနှင့် ယာယီပျံကျစျေး များအတွင်း ပြည်သူများထံ လိုက်လံဖြန့်ဝေခဲ့သည်။
အဆိုပါ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်အား ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် အမျိုးသားအောင်ပွဲနေ့အား မမေ့မလျော့စေရန်အတွက် ရည်ရွယ်ပြီး ဖြန့်ဝေရခြင်းဖြစ်ပြီး ယင်းလက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ သ၀ဏ်လွှာ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကဗျာများ၊ ကာတွန်းများဖြင့် ပြည်သူဖတ်ရှုလေ့လာနိုင်ရန် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)