မြစ်ကြီးနား၌ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ

မြစ်ကြီးနား ဒီဇင်ဘာ ၁၀

၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို မြစ်ကြီးနားမြို့ အမှတ်()/()ဈေး လူစည်ကားရာနေရာများတွင် အများပြည်သူ အသိပညာ တိုးပွားစေရန်အတွက် မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထက်နှင့် ဝန်ထမ်းများက ယနေ့ နံနက်က ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၉၉) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှပေးပို့သော သဝဏ်လွှာကောက်နုတ်ချက်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နုတ်ချက်၊ ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားနေ့သည့် သက်ဆိုင်သည့် သမိုင်းများ၊ ကဗျာနှင့် ကာတွန်းများ ဖော်ပြပါရှိကြောင်း သိရသည်။

စိန်ဝင်း (ပြန်/ဆက်)