မော်လမြိုင်ကျွန်းမြို့နယ်တွင် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်စေရေး အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်

မော်လမြိုင်ကျွန်း  ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိမ်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း အဖွဲ့များမှ ယနေ့နံနက် ၈ နာရီအချိန်က ကျန်းမာရေး အသိပညာပေး လုပ်ငန်းအဖြစ်  ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာပါက  နှာခေါင်းစည်းမဖြစ်မနေ  တပ်ဆင်စေခြင်းနှင့် ပြည်သူများရောဂါ နှင့်ပတ်သတ်၍ သိသင့်သိထိုက်သည့် ကိုဗစ်-၁၉ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။ 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ လူစည်းကားရာ နေရာများဖြစ်သော အောင်သာယာဈေး၊ ဗိုလ်ချုပ်ဈေး၊ ချမ်းမြေ့သာယာဈေးနှင့် မြို့တွင်းလမ်းတစ်လျှောက်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ အဖွဲ့(၆)ဖွဲ့ခွဲ၍  နေ့စဉ် အလှည့်ကျ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)