ပြင်စလူ ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့အတွင်း အများပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရန် အတွက် ပြင်စလူမြို့ အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်များတွင် နှာခေါင်းစည်း (Mask)များ တပ်ဆင်ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး လုပ်ငန်းများကို ပြင်စလူမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူ၊ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့ ပြန်/ဆက်၊ မြို့ စည်ပင်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ လူစည်ကားရာ နေရာများဖြစ်သော စျေးဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ သင်္ဘောဆိပ်များတွင် သင်နှင့်သင့်မိသားစု အပြင်ထွက်လျှင် (Mask)တပ်ပါ ပိုစတာများကပ်ခြင်း လုပ်ငန်းများနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်ဖြိုးသူ (ပြန်/ဆက်)