ပြင်စလူ ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show) အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြင်စလူမြို့ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားတွင် ပြင်စလူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းထွန်းက မိတ်ဆက်စကားပြောပြီး မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းက လူကုန်ကူးမှု ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေသော ဆိုးကျိုးများ၊ နိုင်ငံအပေါ် ထိခိုက်စေသော ဆိုးကျိုးများအကြောင်း ဆွေးနွေးပြီး မြို့နယ်မြေရဲစခန်းမှ ဒု-ရဲအုပ် မျိုးမင်းဦးက လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ လူကုန်ကူးခံရသည့် အခြေအနေမှ မိမိကိုယ်ကိုကာကွယ်နိုင်စေရန်၊ မိမိပတ်ဝန်းကျင်၌ လူကုန်ကူးမှု အခြေအနေများ တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇင်ဖြိုးသူ (ပြန်/ဆက်)