ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၂၀)ဦး ထပ်မံတွေ့ရှိ

ဒေးဒရဲ  ဒီဇင်ဘာ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဝန်ထမ်းများက နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များ ရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာန (NHL)သို့ ယမန်နေ့က ပေးပို့စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ပေးပို့ စစ်ဆေးရာတွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူများအား အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာန (NHL)သို့ ပေးပို့စစ်ဆေးနိုင်ရေး ဒေးဒရဲမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Facility Quarantine Centre များတွင် Quarantine ဝင်ရောက်လျက်ရှိသူ (၁၅၉)ဦး၏ Swab နမူနာများ ပေးပို့စစ်ဆေးခဲ့ရာ အမျိုးသား(၁၂)ဦး၊ အမျိုးသမီး()ဦး၊ စုစုပေါင်း (၂၀)ဦးတွင် ထပ်မံပိုးတွေ့ရှိခဲ့ပြီး အဆိုပါပိုးတွေ့လူနာများအား ဆေးကုသမှုခံယူနိုင်ရေး အထက() (ယာယီဆေးရုံ)တွင် ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ဒေးဒရဲမြို့နယ်အနေဖြင့် ယနေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ (၃၂၃)ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူ (၂၆၇)ဦး၊ ဆေးကုသမှုခံယူနေသူ (၅၆)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)