မန္တလေး ဒီဇင်ဘာ ၁၀
မြန်မာတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း(ရန်ကုန်မြို့)မှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပေါ်နေသော Coronavirus Disease 2019 (COVID-19) ရောဂါပိုး ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး အတွင်း လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာတိုင်းရင်းဆေးဝါး ထုတ်လုပ် သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း(ရန်ကုန်မြို့)မှ ဒုတိယဥက္ကဋ္ဌ သီရိသုဓမ္မသိင်္ဂီ ဒေါက်တာဌေးဌေးခိုင်၊ တွဲဖက်အတွင်းရေးမှူး ဦးစိုးမိုးလှိုင်တို့က အသင်းဝင် အလှူရှင်များကိုယ်စား အလှူငွေကျပ်(၂၀၅)သိန်းကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးအပ်လှူ ဒါန်းရာ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)