တံတားဦး ဒီဇင်ဘာ ၁၀
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ အသုံးပြုရန်နှင့် လူနာစောင့်များ အသုံးပြုရန်အတွက် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့ နံနက်ပိုင်းက ချွဲစုတ်စက်၊ ချွဲချေစက်နှင့်အောက်ဆီဂျင် (၃)လုံးတို့ကို လာရောက်လှူဒါန်းကြောင်း သိရသည်။
အဆိုပါ ချွဲစုတ်စက်၊ ချွဲချေစက် နှင့် အောက်ဆီဂျင်(၃)လုံးတို့ကို တံတားဦးမြို့နယ် အိမ်သစ်တန်းရပ် ဦးမောင်မောင်+ဒေါ်တင်အေး (တော်ဝင်ရတနာ ရွှေဆိုင်) မိသားစုမှ ပြည်သူ့ဆေးရုံသို့ လာရောက် လှူဒါန်းရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာမြင့်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် အလှူရှင်မှ တံတားဦးမြို့ အနှိုင်းမဲ့ပါရမီ လူမှုကူညီရေး အသင်းသို့ လိုအပ်သောနေရာများတွင် အသုံပြုနိုင်ရန် အလှူငွေကျပ်(၅)သိန်းကို လှူဒါန်း ခဲ့ရာလူမှုကူညီရေး အသင်းဝင်တစ်ဦးမှ လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည် ။
တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်သော ကျန်းမာရေးသုံး အထောက် အကူပြုပစ္စည်းများ လာရောက်လှူဒါန်းခြင်းအတွက် ကျန်းမာရေးပြုစု စောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျအသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည် ။
ရဲတင့်