ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ တစ်ဦး ထပ်မံတွေ့ရှိ

 

ကျောက်မဲ ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြိုနယ်၊  အလက ၃  Quarantine Center  ရှိ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးထံမှ ယမန်နေ့က ကိုဗစ်၁၉ ပိုးတွေ့ခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ  ကိုဗစ်၁၉ ပိုးတွေ့လူနာသည် မန္တလေးမြို့မှ ပြန်လာသူဖြစ်ပြီး ကျောက်မဲမြို့သို့  နိုဝင် ဘာ ၃၀ ရက်နေ့က ပြန်လည်ရောက်ရှိ လာကာ  အလက ၃ Quarantine Center ၌  အသွား အလာအကန့်အသတ်ဖြင့် နေထိုင်ခဲ့သည်။ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ က၎င်း၏ ဓါတ်ခွဲနမူနာများကို  ဒီဇင်ဘာ ၈ ရက်နေ့က ရယူ စစ်ဆေးခဲ့ရာမှ ကိုဗစ် ၁၉ ရောဂါ ပိုးတွေ့ ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိုဗစ်၁၉ ပိုးတွေ့လူနာအား ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံရှိ သီးသန့် ဆောင်တွင် ပြောင်းရွှေ့ ထားရှိပြီး ၎င်း နှင့်ထိတွေဆက်စပ်သူ ၁၀ ဦးကိုလည်း  အလက ၃ Quarantine Center တွင် အသွားအကန့်အသတ်ဖြင့် သီးသန့်ထားရှိကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကိုဗစ်ကာလ စတင်ကတည်းက စ၍ ကျောက်မဲ၌ ပိုးတွေ့သူ စုစုပေါင်း ၁၄ ဦးရှိခဲ့ပြီ ဖြစ်ပြီး ၁၃ ဦးမှာ ဆေးကုသပြီး၍ သက်သာ ပျောက်ကင်း ကာ ဆေးရုံမှ ဆင်းရပြီ ဖြစ်သည်။

မိုင်းထွန်း(ပြန်/ဆက်)