တန့်ယန်း ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် တားဆီးနိုင်ရေးအတွက် အိမ်အပြင်သို့ထွတ်သူတိုင်း နှာခေါင်း စည်း Mask တပ်ဆင် သွားလာရေး အသိပညာပေးခြင်း Mask Campaign ကို ယနေ့ နံနက် ၉ နာရီ ခွဲက ဗိုလ်ချုပ်လမ်း မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ အရှိန် အဟုန်မြှင့်၍ ပူးပေါင်း ဆောင်ရွက် ခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးအတွက် အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးကော်မတီမှ တာဝန် ရှိ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ အိမ်ပြင်ထွတ်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သွားလာနိုင်ရေး အသိပညာ ပေးခြင်းနှင့် နှာခေါင်းစည်း မတပ်ဆင်သူများအား ဒါဏ်ငွေပေးဆောင်စေခြင်း Mask Campaign ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)