ပြင်ဦးလွင် ဒီဇင်ဘာ ၁၀
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)အတွင်းရှိ Home Quarantineထားရှိသည့်အိမ်ထောင်စု(၈)စုအား မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ မြို့နယ်ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ဦးဇာနည်မောင်နှင့် ကော်မတီဝင်များ၊ ဘဏ္ဍာရေးကော်မတီဝင်များမှ အခြေခံ စားသောက်ကုန်(ဆန်၊ ကြက်ဥ၊ ယမ်ယမ်ခေါက်ဆွဲခြောက်)များ သွားရောက် ထောက်ပံ့ ပေးအပ် ခဲ့သည်။
ထို့နောက် ဇီးပင်ကြီး ကုတင်(၅၀)ဆံ့ ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသောကျန်းမာရေး ဝန်ထမ်း များအား ရေသန့်ကတ် များပေးအပ်ခြင်းနှင့်တာဝန်ဆောင်ရွက်နေမှုများအပေါ် မြို့ပြည်သူများ ကိုယ်စား အသိအမှတ်ပြုဂုဏ်ယူကြောင်း အားပေးစကားပြောကြားခဲ့ပြီး၊ (၂၃)မိုင်စစ်ဆေးရေး ဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ကျ ဌာနဆိုင်ရာများအား လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များအားမှာကြားကာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျဖြင့် အထူးဂရုပြု ဆောင်ရွက်ကြစေရေး မှာကြားခဲ့သည်။
ဆက်လက်၍ သံတောင်ကျေးရွာ သာမဏေကျော်ကျောင်းတိုက်ရှိ Facility Quarantine Center သို့ ဆန်၊ ပဲ၊ ငါးခြောက် ၊ ယမ်ယမ်ခေါက်ဆွဲခြောက်၊ ရေသန့်ဘူးများအား ညနေ(၅)နာရီတွင် သွား ရောက်ထောက်ပံ့ပေးအပ်၍ တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် Volunteer များအား အသိအမှတ်ပြုဂုဏ်ယူပါကြောင်းအားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
မြတ်ဆုမွန်