မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁ဝ
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် ယနေ့နံနက် ၁ဝ နာရီအချိန် က ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏စီမံကြီးကြပ်မှု့ဖြင့် မြို့နယ်တွင်အတည်ပြု ခန့်ထားပြီးဖြစ်သော ဝန်ထမ်းသစ်များအား ဝန်ထမ်းကျင့်ဝတ်နှင့် ရုံးလုပ်ငန်းများ ဆွေးနွေးပို့ချခြင်း ဖွင့်လှစ် ဆောင်ရွက်သည်။
ထိုသို့ဆွေးနွေးရာတွင် ဦးစီးအရာရှိ ဦးအောင်မျိုးချစ်မှ မြို့နယ်တွင် တာဝန်ထမ်းဆောင်ခွင့်ရရှိသည့် လက်ရှိဝန်ထမ်းများနှင့် ဝန်ထမ်းအသစ်များ အနေနှင့် နိုင်ငံဝန်ထမ်းတိုင်း သိရှိလိုက်နာရမည့် ကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်း၊ ရုံးလုပ်ငန်းတာဝန်များ၊ ရုံးစာရေးသာနည်း၊ ရုံးစာဝင်၊ စာထွက် လုပ်ငန်းများနှင့် ရုံးလုပ်ငန်းများ စနစ်တကျရှိရေး၊ မိမိဌာန လုပ်ငန်းများအကြောင်း ပို့ချဆွေးနေနှင့် သေသေချာချာ မှတ်သားနာယူ သင်ကြားရန် မှာကြားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် နည်းပြ(၈)ဦးနှင့် မြေတိုင်း(၄)၊ မြေတိုင်း(၅)၊ စာရင်းကိုင်၊ အငယ်တန်း (ကွန်ပျူတာ) စုစုပေါင်း (၄၅)ဦး တက်ရောက်ကြပြီး ယနေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ရက်(၂ဝ)ကြာ မြင့်မည်ဖြစ်ကြောင်း သိရသည်။
သီတာအောင်(ပြန်/ဆက်)