တီးတိန် ဒီဇင်ဘာ ၁၀
ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ အတည်ပြုလူနာ ယခုလတ်တလောအချိန်တွင် (၅) ဦးအထိ တိုးလာကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါအတည်ပြုလူနာများမှာ တီးတိန်မြို့နယ်၊ ဗန်းတဲ့ကျေးရွာနေ အသက် (၂၄) နှစ်အရွယ် အမျိုးသား Case- 91272 (ကုန်စည်ကားမောင်း)၊ တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်နေ အသက် (၂၄) နှစ်အရွယ် အမျိုးသား Case- 92335 (ရန်ကုန်ပြန်)၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာနေ အသက် (၂၉) နှစ်အရွယ်အမျိုးသား Case- 95143 (အိန္ဒိယနိုင်ငံမှ ပြန်လာသူ)၊ တီးတိန်မြို့နယ်၊ လိုင်တွီးကျေးရွာနေ အသက် (၁၅) နှစ်အရွယ်အမျိုး သား Case- 99322 (ရန်ကုန်ပြန်) နှင့် တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်နေအသက် (၆၃) နှစ်အရွယ် အမျိုးသား (အိမ်မှာနေရင်း နေမကောင်းဖြစ်၍ ကျန်းမာရေးစစ်ဆေးရာ၌ ရောဂါပိုးတွေ့လူနာ) တို့ ဖြစ်ကြကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)