နောင်ချိုမြို့ အထက(၁)တွင် Quarantineဝင်ရောက်နေသော အမျိုးသမီး(၂၉)ဦးအား အမျိုးသမီး အသုံးအဆောင် ပစ္စည်းများပေးအပ်

 

နောင်ချို        ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထက(၁)တွင်Quarantine ဝင်ရောက် နေသော အမျိုးသမီး(၂၉)ဦးအား လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီး အသုံးအဆောင် ပစ္စည်း များကို ယနေ့နံနက် (၁၀) နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် အမျိုးသမီးအသုံးအဆောင် ပစ္စည်းများဖြစ်သည့် အိတ်-၁လုံး၊ ဓါတ်မီး၊ ဆပ်ပြာခရင်၊ လက်ဆေးဆပ်ပြာခဲ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ အတွင်းခံပစ္စည်းများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း၊ မျက်နှာသုတ်ပဝါ၊ လက်သန့်ဆေးရည်၊ ဖုန်းဘေလ်တစ်ထောင်တန် (၂)ကဒ်တို့ကို လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးလွင်နှင့် ဝန်ထမ်းများက Quarantine Centre တွင် စောင့်ရှောက် မှုပေးနေသော အရန်မီးသတ်တပ်ဖွဲ့ဝင်များမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ အမျိုးသမီးအသုံးအဆောင်ပစ္စည်းများကို ကုလသမဂ္ဂလူမှုရေးရံပုံငွေအဖွဲ့ (UNFPA)မှ ပေးပို့ လာမှုအပေါ် လူမှုဝန်ထမ်းဦးစီးဌာနက ထပ်ဆင့်ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ထွေးငယ်(နောင်ချို-ပြန်ဆက်)