နမ္မတူ ဒီဇင်ဘာ-၁၀
နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများအား နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရေး (၂၀၀) ကျပ်ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ရှောင်တခင် စစ်ဆေး ကြပ်မတ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ နမ္မတူမြို့နယ်ရှိ မြို့နယ်တရားရုံးရှေ့လမ်းဆုံ၌ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ် မီးသတ် တပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ဒေသခံပြည်သူများ အား နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်စေရေး အသိပညာပေး၍ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မတပ်ဆင်လာသော ဒေသခံ ပြည်သူ (၂၈) ဦးခန့်အား ရေမလို လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေ၍ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တစ်ခု လျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ချက်ချင်း ဝယ်ယူ တပ်ဆင်စေ ခဲ့ပါသည်။
နမ္မတူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့် နှာခေါင်း စည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်းဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ရက်သတ္တ တစ်ပတ်လျှင် (၂)ကြိမ်ဖြင့် ကြပ်မတ် စစ်ဆေးဆောင်ရွက်ခဲ့ရာ အောက်တိုဘာလမှ ယနေ့အချိန် အထိ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မတပ် ဆင်လာသော ဒေသခံပြည်သူ (၈၃၇)ဦးခန့်အား ဒဏ်ငွေရိုက် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။
လူမော် (ပြန်/ဆက်)