မိုင်းယောင်း ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိ စာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသော သည် အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသူများအား စားသောက်ကုန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို ယမန်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သိရသည်။
ထိုကဲ့သို့ ထောက်ပံ့ပေးအပ်ရာတွင် သက်ဆိုင်ရာ Community Based Facility Quarantine Center အသီးသီးတွင် အသွားအလာကန့်သတ် စောင့်ကြည့်မှု ခံယူနေလျက်ရှိသော အမှတ်(၄)ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမ Quarantine Centre မှ ၄၇ ဦး၊ ဟောင်ကြန့်ကျေးရွာအုပ်စုရှိ အ.လ.က(တပ်တွင်း) Quarantine Centre မှ ၃၉ ဦး၊ အ.မ.က(၅) Quarantine Centre မှ ၁၈ ဦး၊ အ.မ.က(ဟောင်ကွေ့) Quarantine Centre မှ ကိုးဦးအတွက် Mask၊ သောက်ရေသန့်၊ ထမင်းထုပ် စသည့် စားသောက်ကုန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း