မချမ်းဘော့မြို့နယ်တွင် အားကစားပညာ အသိပညာပေး လက်ကမ်းစာစောင်နှင့် Mask များ အခဲမဲ့ဖြန့်ဝေ

မချမ်းဘော့  ဒီဇင်ဘာ ၁၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ယနေ့နံနက် (၇) နာရီအချိန်က တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် စေရေးအတွက် အားကစားပညာ အသိပညာပေး လက်ကမ်း စာစောင်နှင့် Mask များကို မချမ်းဘော့မြို့မဈေးနှင့် လမ်းမကြီးပေါ်တွင် အခမဲ့ဖြန့်ဝေ ဆောင်ရွက် ခဲ့သည်။

အားကစားအသိပညာပေး လက်ကမ်းစာစောင်တွင် အားကစားပြုလုပ်ခြင်းဖြင့်ရရှိသည့် အကျိုး ကျေးဇူးများ နေ့စဉ် အလွယ်တကူပြုလုပ်နိုင်သော ကိုယ်လက်လှုပ်ရှား နည်းလမ်းများ၊ ငွေကုန် ကြေးကျနည်းပြီး ကျား/ မ မရွေး အသက်အရွယ်မရွေး စုပေါင်းလေ့ကျင့်နိုင်သော Exercise is Medicine အစီအစဉ်နှင့် အားကစားပြုလုပ်ခြင်းဖြင့် လျော့ကျစေနိုင်သော ရောဂါများအကြောင်း ပါဝင်ပါသည်။

အဆိုပါ လက်ကမ်းစာစောင်နှင့် Mask များ ဖြန့်ဝေရာတွင် မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တို့ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး လူထုအားကစား အသိပညာပေးလက်ကမ်းစာစောင် (၂၀၀) စောင်နှင့် Mask (၂၀၀) ခုတို့အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။

(ခွန်လင်းဦး ပြန်/ဆက်)