ထန်တလန်မြို့နယ်၊ တလန်ရွာကျေးရွာတွင် မီးဘေးကြိုတင်ကာကွယ်ရန်အတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

ထန်တလန်  ဒီဇင်ဘာ ၁၀

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ် ဦးစီးမှူး ဦးရွှေကျုံးလျန် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီက ထန်တလန် မြို့နယ်၊ တလန်ရွာ ကျေးရွာတွင် သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် ဓာတ်ဆီဆိုင်များ၊ စျေးဆိုင်များတွင် မီးချိတ်၊ မီးကပ်၊ မီးသတ်ဆေးဗူးများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆောက်ရွက်ထားခြင်း ရှိ/မရှိနှင့် မီးသတ်ဆေးဗူး အသုံးပြုနည်းနှင့် မီးသတ်နည်းသရုပ်ပြခြင်း၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဆောင်ရန်၊ ရှောင်ရန်၊ မီးကြွင်း/မီးကျန်များ စနစ်တကျ အသုံးပြုရေးစသည့် မီးဘေးအန္တရာယ် ကာကွယ်ရေး နည်းလမ်းများ အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)