ရှားတောမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်

ရှားတော ဒီဇင်ဘာ ၁၁

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်း သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ယမန်နေ့ ညနေပိုင်းက စုပေါင်းရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့ စုပေါင်း၍ စုပေါင်းရုံးခန်းမ ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များ၊ ခြုံနွယ်များကို ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းနှင့် မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ 

ထွန်းအောင်(ပြန်/ဆက်)