ကန်ပက်လက်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှု ဆောင်ရွက်

ကန်ပက်လက်  ဒီဇင်ဘာ  ၁၁

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် Mask မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ လူသွားလူလာ များပြားသည့်နေရာများ၌ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

အဆိုပါလှုပ်ရှားဆောင်ရွက်မှုကို ကန်ပက်လက်မြို့ပေါ်ရှိ လူသွားလူလာများပြားသည့်နေရာများ၌ Mask တပ်ဆင်ခြင်းမရှိသူများအား Mask အခမဲ့တပ်ဆင်ပေးခြင်းနှင့် ညစ်ပေသည့် Mask တပ်ဆင် သူများအား Mask အသစ် အခမဲ့လဲလှယ်တပ်ဆင်ပေးခြင်း၊ Face Shield များအခမဲ့ဖြန့်ဝေပေးခြင်း၊ ကန်ပက်လက်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်းဆေးပါသီချင်းနှင့်အကဖြင့် ပါဝင်လှုံ့ဆော်ပေးခြင်းနှင့်  မဖြစ်မနေ Mask တပ်ဆင်ရေးအသိကိုယ်စီရရှိစေရန် အသိပညာပေးဝန်ဆောင်မှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်း Mask မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားဆောင်ရွက်မှုကို ရက်သတ္တပတ်တစ်ပတ်တွင် (၂)ကြိမ် ပုံမှန် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ တစ်ကြိမ်လျှင် Mask (၄၀၀)ခု၊ Face shield (၁၀၀)ခုနှင့် အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ပုံမှန်ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြ ကြောင်းနှင့် ကျန်မားရေး ဌာနမှဦးစီး၍ သက်ဆိုင်ရာ ဌာနများဖြင့် ပုံမှန်ပူးပေါင်းဆောင်ရွက် ကြခြင်း ဖြစ်ကြောင်း သိရသည်။

ကိုလိန်း(ပြန်/ဆက်)