​မြေပြို​ဘေးအ​န္တရာယ်ဆိုင်ရာ အသိပညာ​ပေး “Talk Show” ပြုလုပ်

ဖား​ဆောင်း ဒီဇင်ဘာ ၁၁

ကယားပြည်နယ်၊​​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူး​ပေါင်း၍ ​​မြေပြို​ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ​ပေး Talk Show ကို ယ​​​နေ့ နံနက်(၁၀)နာရီက ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြု ဗဟိုဌာနCommunity Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ​ဒေါ်နန်းသဲနု​အောင်က​​ မြေပြို​ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ​ပေး “Talk Show” ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကိုဗစ်-၁၉ ကာလတွင် မိမိတို့၏​ နေအိမ်၌ “stay home “ ​နေထိုင်သည့် ပြည်သူလူထုများအား Online ဖြင့် အသိပညာဗဟုသုတရရှိ​စေရန်နှင့် သဘာဝ​ဘေးအန္တရာယ် ကြုံ​တွေ့ပါက လိုက်နာ​ဆောင်ရွက်နိုင်​စေရန် ဖြစ်​ကြောင်း ​ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ​​ဒေါ်နီနီ​​ထွေးက ဌာန၏ ရည်ရွယ်ချက်၊ အ​ကောင်အထည်​ဖော်​ ဆောင်ရွက်​နေမှု၊​ ဘေးအန္တရာယ်ကြုံ​တွေ့ရပါက ​​ထောက်ပံ့ ပေးမှုများနှင့် သဘာဝ​ဘေးအန္တရာယ် အမျိုးအစား(၉)မျိုးရှိကြောင်း၊ အဆိုပါ​ဘေးအန္တရာယ်(၉)မျိုး အနက်မှ မြေပြို​ဘေးအန္တရာယ် ဖြစ်ပွားရသည့် အ​ကြောင်းရင်းများ၊​ မြေပြို​ဘေးမဖြစ်ပွားမီ ကြိုတင်သိရှိ နိုင်သည့် သဘာဝဖြစ်စဉ်များ၊​ မြေပြို​ဘေးဖြစ်ပွားစဉ် ဆောင်ရန်​​ရှောင်ရန်များ၊​ မြေပြိုပြီးပါက လိုက်နာ​ဆောင်ရွက်ရမည့် အချက်များကို ကျယ်ကျယ်ပြန့်ပြန့်​​ ဆွေး​နွေး​ပြောကြားခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)