ရွှေသောင်ယံ ဒီဇင်ဘာ ၁၁
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စု၊ သဲကုန်းကျေးရွာမှ ချောင်းသာမြို့ရှိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့သူနှင့်အတူ တစ်ခန်းတည်း Quarantine ဝင်နေခဲ့သူအား ဒီဇင်ဘာလ (၆)ရက်နေ့၌ ချောင်းသာမြို့ အ.မ.က(၈) Quarantine စင်တာတွင် ဒုတိယအကြိမ် ပြန်လည်နေထိုင်စေပြီး(၅)ရက်မြောက်နေ့ ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ Rapid Diagnosis Test ဖြင့်စစ်ဆေးခဲ့ရာ (Negative)ဖြစ်ကြောင်း ချောင်းသာမြို့၊ ကျေးလက်ကျန်းမာရေးဌာန၊ ကြီးကြပ်(၁) ဦးထွန်းအောင်ကို ထံမှ သိရသည်။
ယနေ့ ချောင်းသာမြို့ အ.မ.က(၈) Quarantine စင်တာတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့သူ(၂)ဦးနှင့် ထိစပ်သူ ရွှေသောင်ယံမှ (၁)ဦးအပါ (၁၆)ဦးအား ပထမအကြီမ် ကိုဗစ်-၁၉ Rapid Diagnosis Test ဖြင့်စစ်ဆေးရာ ပိုးမတွေ့ကြောင်း၊ ဒုတိယအကြိမ် ထပ်မံစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)