မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့ကျစေရေး‌ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မြောင်းမြ  ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ကျစေရန် ရည်ရွယ်၍ မြောင်းမြမြို့နယ် အတွင်းရှိ ဈေးများ၊ ပုဂ္ဂလိကအရောင်းဆိုင်များ၊ အိမ်ဆိုင်များ၊ လမ်းဘေးစျေးသည်များ ပြန်လည်ရောင်းချမှုအား ကြပ်မတ်စစ်ဆေးခြင်းကို ဒီဇင်ဘာလ ()ရက်နေ့ မှစတင်ကာ နေ့စဉ် နံနက်()နာရီမှ (၁၀:၃၀)ထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ် အတွင်းရှိ မြို့မစျေး၊ လယ်ယာသုံးစျေး၊ ပုလဲမြစျေး၊ လှိုင်မင်္ဂလာစျေး၊ ကူးတို့စျေး၊ မြသာယာစျေး၊ ကုန်စိမ်းစျေး၊ ညောင်ပင်ကြီး/လေးစျေး၊ အောင်ဆန်းစျေး၊ နေရှင်နယ်ပျံကျစျေး၊ မရမ်းကုန်းစျေး၊ ကံကော်မြိုင်စျေး၊ ဒိုဘီကုန်းစျေး၊ ဘုရားချောင်းစျေး၊ ကွယ်လွယ်စျေး၊ အကြိုတော်ဆိပ်များသို့ သွားရောက်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ဈေးရောင်းချသူများ၊ ဈေးဝယ်သူများနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်း(Mask)၊ မျက်နှာအကာ (Face Shield)ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် စသည်တို့ကို အသိပညာပေး ကြပ်မတ်စစ်ဆေး ခဲ့ကြောင်းသိရသည်။

မြောင်းမြမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် အဖွဲ့ဝင် (၁၉)ဦး ပါဝင်သော စစ်ဆေးရေး အဖွဲ့()ဖွဲ့ခွဲပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

စန္ဒာကြည်(မြောင်းမြ)