မိုင်းလုံ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် (GAP) အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ (GAP) လက်မှတ်ပေးအပ်ပွဲတွင် ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မြေယာအသုံးချတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်မြင့်နွယ်၊ ပိုးမွှားတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ချောစုထွေးနှင့် မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စိုးစိုးအေးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော တောင်သူများ တက်ရောက်ခဲ့သည်။
ထို့နောက် မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စိုးစိုးအေးမှ (GAP)စိုက်ပျိုးနည်းနှင့် ပတ်သက်သော အကြောင်းအရာများ ကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းကြပြီး တာဝန်ရှိသူများမှ ရှင်းလင်းပြောကြား၍ စိုက်ပျိုးရေးနှင့် သက်ဆိုင်သော လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ (GAP)အသိအမှတ်ပြု လက်မှတ်ရရှိသော တောင်သူ(၆)ဦးကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ပြီး မိုင်းလုံမြို့ အနေဖြင့် လိမ္မော်ခြံ(၈)ဧက၊ ပိန္နဲခြံ(၈)ဧကနှင့် လက်ဖက်ခြံ (၃၂) ဧက စုစုပေါင်း(၅၁)ဧက အသိအမှတ်ပြု လက်မှတ်များ ရရှိကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)