ပလောက် ဒီဇင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ပလောက်မြို့ မီးသတဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ပလောက်မြို့အတွင်းရှိ ရပ်ကွက်များတွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စစ်ဆေးခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နေအိမ်များမှ မီးချိတ်၊ မီးကပ်၊ လှေကား ၊ မီးသတ်ဆေးဗူးများနှင့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ထားခြင်းရှိ/မရှိ ၊ မီးသတ်ဆေးဗူးအသုံးပြုပုံ ၊ မီးဘေးအန္တရာယ်ဖြစ် ပေါ် လာပါက အရေးပေါ်ဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးခဲ့သည်။
အဆိုပါမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ပလောက်မြို့ မီးသတ် ဦးစီးဌာနမှ ဒုဦးစီးမှူး ဉီးသီဟအေးချိုနှင့်မီးသတ်တပ်ဖွဲ့ဝင်များက တစ်အိမ်တက်/ တစ်အိမ်ဆင်း စစ်ဆေးအသိပညာ ပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နှင်းမြူလွင် (ပလောက်ပြန်/ဆက်)