တုံတာမြို့တွင် ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

တုံတာ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်း ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ရပ်ကွက်(၃)၊ ဓမ္မာရုံတွင် ဆောင်ရွက် ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် Malteser International အဖွဲ့အစည်းမှ တာဝန်ခံ ဒေါက်တာသက်စု၊ giz အဖွဲ့အစည်းမှ တာဝန်ခံဦးမျိုးမင်းသူ၊ MFVP အဖွဲ့အစည်းမှ တာဝန်ခံ ဦးစိုင်းဝုန်းနှင့် အဖွဲ့ဝင်များက ကျန်းမာ‌ရေးနှင့် ပတ်သက်၍ အသက် ၁၅ နှစ်မှ ၄၉ နှစ် အတွင်းရှိ အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်၂နှစ်အောက် ကလေးငယ် များအား ဦးတည်ချက်ထား၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် ပတ်သက်၍ သီးပင်စားပင်ပျိုးပင်များ ဖြန့်ဝေပေးခြင်း၊ သဘာဝမြေဩဇာနှင့် ပိုးသတ်ဆေးပြုလုပ်နည်းများ သင်တန်းပေးခြင်း၊ ကျောင်းဥယျာဉ်ခြံများ ပံ့ပိုးပေးခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ပတ်သက်၍ ဇီဝသဲရေစစ်အိုး ပြုလုပ် အသုံးပြုပုံများ သင်ကြားပေးခြင်း၊ ကျောင်းသားလူငယ် တစ်ကိုယ်ရေသန့်ရှင်းရေး မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် တုံတာမြို့ရှိ ကျေးရွာအုပ်စုများနှင့်မြို့‌ ပေါ်ရပ်ကွက်များရှိိ‌ ‌‌ဒေသခံများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ခဲ့ပြီး တက်ရောက် လာသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

လှိုင်လှိုင်ငြိမ်း (ပြန်/ဆက်)