ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ဇလွန်  ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေး ဆရာအသင်း​တို့ ပူးပေါင်း၍ စာရေးဆရာချစ်ဦးညို ရေးသားသည့် `` တိုးတက်ခြင်း ၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု မျက်နှာစာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြင့်သိန်းက စာပေဝါသနာရှင်များ အချင်းချင်း အပြန်အလှန် ဆွေးနွေးခြင်းဖြင့် အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် စုပေါင်းဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် `` တိုးတက်ခြင်း ၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ ” စာအုပ်မှ အခန်းအလိုက်၊ ကဏ္ဍ တစ်ခုချင်းစီအလိုက် ဆွေးနွေးခြင်းကို မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် (မောင်ပြေငြိမ်း-ဇလွန်)က ဦးဆောင်ဆွေးနွေးပြီး တက်ရောက် လာကြသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝေယံ -  ဇလွန် (ပြန် / ဆက်)