ဘိုကလေးမြို့နယ်တွင် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု ပိုစတာများ ချိတ်ဆွဲ

ဘိုကလေး ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ယနေ့နံနက် (၁၀) နာရီတွင် မြို့နယ်တွင်းရှိ လမ်းဆုံလမ်းဂွများ၊ လမ်းဖြတ်တာများ၌ ဒီဇင်ဘာ အားကစားလ လူထုလှုပ်ရှားမှု ပိုစတာများ လိုက်လံချိတ်ဆွဲခဲ့ကြသည်။

ဒီဇင်ဘာ အားကစားလ ရောက်ရှိလာသည့်အတွက် လူထုတစ်ရပ်လုံး အားကစားလှုပ်ရှားမှုများ ရှိလာစေရေးနှင့် ကိုယ်ခံအားစနစ်များ ကောင်းမွန်တိုးတက်လာစေရေးတို့ကို ရည်ရွယ်၍ လိုက်လံနှိုးဆော် ချိတ်ဆွဲရခြင်း ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရှိရပြီး ၎င်းတို့လိုက်လံချိတ်ဆွဲထားရှိသည့် ပိုစတာများတွင် "ကျန်းမာပျော်ရွှင် သက်ရှည်နိုင်ဖို့ လူကြီးလူငယ် ကျား/မ မရွေး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ကြပါစို့" ဟူ၍ ရေးသား နှိုဆော်ထားကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)