ဒေးဒရဲမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၌ ဝန်ထမ်းကျင့်ဝတ်နှင့် ရုံးလုပ်ငန်းများ ဆွေးနွေးပို့ချ

ဒေးဒရဲ  ဒီဇင်ဘာ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတွင် အတည်ပြုခန့်အပ်သွားမည့် ဝန်ထမ်းအသစ်များအား ဝန်ထမ်းကျင့်ဝတ်နှင့် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပို့ချခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက စတင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးထွန်းက တာဝန်ထမ်းဆောင်ခွင့်ရရှိသည့် ဝန်ထမ်းအသစ်များအနေဖြင့် နိုင်ငံ ဝန်ထမ်းတိုင်း သိရှိလိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်း၊ ရုံးလုပ်ငန်း တာဝန်များ၊ ရုံးစာရေးသားနည်း၊ ရုံလုပ်ငန်းဆိုင်ရာကိစ္စရပ်များအား လက်ထောက် ဦးစီးမှူးများက သက်ဆိုင်ရာ သင်ခန်းစာများအလိုက် ဆွေးနွေးပို့ချပေးသွားမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားစွာဖြင့် မှတ်သားသင်ယူကြစေရေး ဆွေးနွေးမှာကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် အတည်ပြုခန့်အပ်သွားမည့် ဝန်ထမ်းအသစ်များ  တက်ရောက်ကြပြီး သင်တန်းအား ဒီဇင်ဘာလ ၁၀ရက်နေ့မှ (၃၀)ရက်နေ့အထိ ရက်(၂၀)ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)