နမ္မတူ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဒီဇင်ဘာလ(၁၁)ရက်နေ့က ဒုတိယမြောက် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာ(၁)ဦးတွေ့ရှိရကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်ထံက သိရှိရသည်။
နမ္မတူမြို့နယ်မှ ကိုဗစ်-၁၉ အတည်ပြုလူနာမှာ အသက် (၃၀)အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး၊ ဒီဇင်ဘာဘာလ(၆)ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးမှ နမ္မတူမြို့နယ်သို့ ပြန်ရောက်လာသူဖြစ်ပြီး မန်စံကျေးရွာအုပ်စု၊ မန်စံကျေးရွာတွင်နေထိုင်သူ ဖြစ်သည်။
ဒီဇင်ဘာဘာလ (၆)ရက်နေ့ ညနေပိုင်းတွင် နမ္မတူမြို့နယ်သို့ရောက်ရှိပြီး ရောက်ရှိနေ့မှစ၍ နမ္မတူမြို့နယ် နမ္မတူရပ်ကွက် နယ်မြေ (၄)ရှိ အခြေခံသတ္တုတွင်းလုပ်ငန်းခွင် သင်တန်းကျောင်းတွင် အသွားအလာကန့်သတ် နေထိုင်ခဲ့သူဖြစ်ပြီး ဒီဇင်ဘာလ (၉)ရက်နေ့တွင် swab ရယူကာ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (မူဆယ်)သို့ ပေးပို့ စစ်ဆေးခဲ့ရာ ဒီဇင်ဘာလ (၁၀)ရက်နေ့ ဓါတ်ခွဲစစ်ဆေးချက်တွင် ကိုဗစ်-၁၉ ပိုး တွေ့ရှိရသော ဓါတ်ခွဲအတည်ပြုလူနာဖြစ်သည်။
အဆိုပါ အတည်ပြုလူနာကို ဒီဇင်ဘာဘာလ (၁၀)ရက်နေ့ ညပိုင်းတွင် နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပြောင်းရွေ့ကာ ဆေးကုသပေး လျက်ရှိပြီး အတည်ပြုလူနာဟာ ယခုချိန်အထိ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း အတည်ပြုလူနာနဲ့ ထိတွေ့သူများကိုလည်း စောင့်ကြည့် ထားရှိနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်ထံမှ သိရသည်။
လူမော် (ပြန်/ဆက်)