ဆီဆိုင်မြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်

ဆီဆိုင်   ဒီဇင်ဘာ      ၁၁

အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်လူငယ်များဖြစ်ပေါ်လာစေရန်နှင့် တစ်ဦးတစ်ယာက်ကောင်း လုပ်ဆောင်ခြင်းထက် အသင်းအဖွဲ့လိုက် စုပေါင်းလုပ်ကိုင်ခြင်းဖြင့် ပိုမိုထိရောက် အောင်မြင်နိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဆီဆိုင်မြို့နယ်ကြက်ခြေနီအသင်း (ခွဲ)မှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာ၊ အမှတ်() အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးချိုတူးမောင်က ရပ်ရွာပြည်သူလူထုမှ အားကိုးအားထား ပြုရတဲ့ လူငယ်လူတော်လူကောင်းဖြစ်အောင် ကြိုးစားကြပါ”ဟု မှာကြားခဲ့ပြီး သင်တန်းတွင်  ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် အခြေခံမူ()ချက်၊   လူနာစမ်းစစ် ခြင်း၊ အပူလောင်ခြင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ခြင်းနှင့် တုံ့ပြန်ခြင်း၊ ဦးစားပေးလူနာရွေးချယ် ခြင်း၊ ဒဏ်ရာများနှင့် သွေးယိုစီးခြင်း၊ အရိုးကျိုးခြင်း၊ အရိုးအဆစ်ကြွက်သားဒဏ်ရာ၊ သွေးဆုတ် သွေးလန့်ရှော့၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်း၊ သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ ငှက်ဖျား ရောဂါနှင့် သွေးလွန်တုပ်ကွေး၊ တီဘီရောဂါ၊ ဆေးထည့်ပတ္တီးစည်းနည်း၊ ရေကောင်းရေသန့်နှင့် ဝမ်းပျက် ဝမ်းလျှော၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ HIV နှင့် AIDS ရောဂါ၊ ဆို့နစ်ခြင်း၊ ဦးခေါင်းနှင့် ကျောရိုးတန်မကြီးဒဏ်ရာ၊ မူးမေ့ခြင်း၊ သတ္တဝါများတုပ်ခြင်း ကိုက်ခြင်း၊ အထွေထွေဗဟုသုတ၊ စစ်ရေးပြခြင်း၊ စာတွေ့စစ်ဆေးခြင်း စသည့်ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်း၊ ဘန်းယဉ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား အမျိုးသား(၁၈)ဦး၊ အမျိုးသမီး(၂၇)ဦး တက်ရောက်မည်ဖြစ်ကြောင်းနှင့်  သင်တန်းနည်းပြ()ဦးဖြင့် သင်တန်းကာလမှာ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)