ကွန်ဟိန်း ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Quarantine Center များဖြစ်သည့် ဟိတကာရီခန်းမ၊ဓမ္မဝိဟာရ ဓမ္မာရုံ၊နမ့်ခုံးခန်းမနှင့် အ-မ-က(လွိုင်ချို)တို့တွင် Facility Quarantine ဝင်ရောက်နေသည့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့နံနက် ၁၀ နာရီက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းခြင်းကို မေတ္ထာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Metta Development Foundation) တောင်ကြီးရုံးခွဲအဖွဲ့မှ လာရောက်လှူဒါန်းပေးခြင်းဖြစ်ပြီး Quarantine Centre တစ်ခုစီအတွက် (၃)ပြည်ဝင် ဆန်တစ်အိတ်၊ ကုန်ခြောက်(၈)မျိုး၊အသုံးအဆောင်ပစ္စည်း(၉)မျိုး နှင့် အခြားပစ္စည်းများအပါ အဝင် စုစုပေါင်းပစ္စည်း(၂၂)မျိုးအား ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ပေးအပ်လှူဒါန်းခြင်းအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (တောင်ကြီးရုံးခွဲ)အဖွဲ့မှ ဒေါ်နန်းမြလေးနှင့် အဖွဲ့ဝင်များ၊ Quarantine Center တာဝန်ခံများ၊ စေတနာ့ဝန်ထမ်းအဖွဲ့များမှ Quarantine Center များသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)