ဘုတ်ပြင်း ဒီဇင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မြို့နယ် အဆင့် မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်က ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်စံပြကျေးရွာရှိ ကွင်းအမှတ် ၂၁/oss ထောင်ခမက်ကြေးတိုင်မြေ တောင်သူ ဦးဉာဏ်ထွန်း၏ ပေါ်ဆန်း မိုးစပါးစံပြကွက်တွင် ဆောင်ရွက်ခဲ့သည်။
မိုးစပါး စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွှန့်ဝင်းနှင့်ဝန်ထမ်းများ ၊ မြို့နယ်ဆည်မြောင်းဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦး စီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းသန့် နှင့်ဝန်ထမ်းများ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ က ဘက်စုံ အဆင့်မြင့်နည်းပညာသုံး အောက်လိပ် စံပြကျေးရွာမှ တောင်သူ ဦးဉာဏ်ထွန်း ၏ မိုးစပါးစံကွက် တွင် (၆.၆)ပေ ပတ်လည် ကိုရိတ်သိမ်းခဲ့ရာ ပေါ်ဆန်း စပါးမျိုးတွင် ပျှမ်းမျှ တစ်ဧကလျှင် အထွက်(၅၂.၃၅) တင်း နှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းဦး( ပြန်/ဆက်)