ရွာငံ ဒီဇင်ဘာ ၁၂
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယခရိုင်၊ ရွာငံမြို့နယ်၊ စျေးတန်းရပ်ကွက်လေးကျွန်းသီလာ အတုလမာန်အောင် ဘုန်းတော်ကြီး ကျောင်း သိမ်မြေနုတ်၊ မြေသန့်၊ ပန္နက်ချခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွာငံမြို့နယ် သံဃာနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသာသန ဦးဆောင်ပြီး သံဃာနာယက အဖွဲ့ဝင် ဆရာတော် သံဃာအပါး(၃၀)ပါးတို့က လေးကျွန်းသီလာ အတုလမာန်အောင် ဘုန်းတော်ကြီးကျောင်းဆောက်လုပ်မည့် မြေနေရာ တွင် ပရိတ်တရားတော်များ၊ ကမာဝါများ ရွတ်ဖတ် ပူဇော်ပေးပြီး တရားတော်နာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် သံဃာတော် များ က လေးကျွန်းသီလာ အတုလမာန်အောင် ဘုန်းတော်ကြီးကျောင်း ပန္နက်ချပေးပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးသန့်(ရွာငံ)