ချင်းရွှေဟော် ဒီဇင်ဘာ ၁၂
ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန် ပြည်သူ အမျိုးသား (၁၆)ဦး၊ အမျိုးသမီး(၁၁)ဦး စုစုပေါင်းနေရပ်ပြန် ပြည်သူ(၂၇)ဦးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ တာဝန်ခံ ဆရာဝန်ဒေါက်တာသီဟနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် ယနေ့ နံနက်(၁၀)နာရီက ပြည်သူ့ဆေးရုံ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ပထမအကြိမ် Rapid Test Kit စနစ်ဖြင့်စစ်ဆေးခဲ့ရာတွင် စစ်ဆေးချက်အဖြေအရ နေရပ် ပြန်ပြည်သူ အားလုံးတွင် ရောဂါပိုးမတွေ့ရှိရကြောင်း နှင့် (၁၀)ရက်အကြာတွင် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ ဓာတ်ခွဲနမူနာ Swab များအားထပ်မံရယူပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)