နောင်ချို ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ ပိုးတွေ့လူနာနှင့်ထိစပ်မှုရှိသူ(၈)ဦး၌ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ဒီဇင်ဘာလ(၇)ရက်နေ့က ဆီဘောက်ဆာကားမောင်းသူယာဉ်မောင်း၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းနှင့်ထိစပ်မိသူ (၂၂)ဦးကို အထက(၁) Quarantine Centre ၌ ထားရှိခဲ့သည်။ အဆိုပါ Quarantine Centre ၌ ဝင်ရောက် နေသူ(၂၂)ဦးအား ပထမအကြိမ်စစ်ဆေး ချက်အရ (၈)ဦး၌ ကိုဗစ်-၁၉ရောဂါပိုး တွေရှိခဲ့ခြင်းဖြစ်သည်။ ရောဂါပိုးတွေ့ရှိသူ ကျား(၂)ဦး၊ မ(၆)ဦး ဖြစ်ပြီး (၁၀)နှစ်အောက် ကလေးငယ်(၂)ဦးပါဝင်ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာများနှင့် ဆက်စပ်နေရာများကို ကန့်သတ်ဧရိယာအဖြစ် စီစဉ်ဆောင် ရွက်ကာ ထိတွေ့မှုရှိသည်ဟု ယူဆရသူများကို Home Quarantine နေထိုင်စေရန် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအား နောင်ချိုမြို့နယ် Postive Centre ၌ ထားရှိကာ ဆေးကုသမှုများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ထွေးငယ်(နောင်ချို-ပြန်ဆက်)