ကန်ပက်လက် ဒီဇင်ဘာလ ၁၂
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ကိုဗစ်-၁၉ရောဂါအသိပညာပေး (Talk show)ကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ တွင် ဒီဇင်ဘာလ (၁၂)ရက်နေ့က ကျင်းပပြုလုပ်သည်။
အဆိုပါအသိပညာပေး Talk Show တွင် ကန်ပက်လက်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဦးပေါင်ရှန်းလျန်က ကန်ပက်လက် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးတို့နှင့် ပတ်သက်သည့် ဆောင်ရွက်ထားရှိမှုများကို အဓိကဆွေးနွေးခဲ့သည်။
ယင်း အသိပညာပေး(Talk Show)အား ကန်ပက်လက်မြို့နယ်ပြည်သူ့စာကြည့်တိုက် Page နှင့် IPRD Kanpetlet Page တို့တွင် အပိုင်း(၂)ပိုင်းခွဲ၍ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုလိန်း(ပြန်/ဆက်)