ကျောင်းကုန်း ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကညင်သုံးဆင့်အုပ်စု အောင်မင်္ဂလာရိုး တူးဖော်ခြင်းလုပ်ငန်းသို့ ယနေ့နံနက် ၉ နာရီအချိန် လွှတ်တော်ကိုယ် စားလှယ်များနှင့် မြို့နယ်မှတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
အောင်မင်္ဂလာရိုး တူးဖော်ခြင်းလုပ်ငန်းအား "သစ္စာပြည့်စုံ" ကုမ္ပဏီမှ တာဝန်ယူ တူးဖော်လျက်ရှိပြီး အလျှား (၁၄၃၀၀)ပေ၊ (၂.၇)မိုင် မြေကျင်းပေါင်း(၈၉၆၅)ကျင်း ဖြစ်၍ ငွေကျပ်(၁၉၇)သိန်းကျော်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ ထိပ်ဝအကျယ်(၁၈)ပေ၊ ပျမ်းမျှအနက်(၇)ပေနှင့် အောက်ခြေအကျယ် (၄)ပေ ဖြစ်ကြောင်းနှင့် တူးဖော်ပြီးစီးပါက အောင်မင်္ဂလာ စံပြလယ်ဧက (၁၀၀)အား စိုက်ပျိုး ရေးအောင်ရေ ရရှိနိုင်မည်ဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းမော် ကပြောသည်။
အဆိုပါ တူးဖော်ခြင်းလုပ်ငန်းသို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း၊ မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော်၊ မြို့မိမြို့ဖ ဦးဝင်းဝင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးဇော်ဝင်းအောင်၊ မြို့နယ် လယ်စီစာရင်း အင်းဦးစီးမှူး ဦးမင်းနောင်၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးအရာရှိ ဦးထင်ကျော်ဦးတို့လိုက်ပါကာ ကွင်းဆင်းကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)