နောင်ချို ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ် ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းဆေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ထိန်းချုပ် ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသွင်ကိုကိုမင်းက ဦးဆောင်၍ ခြေမြစ်ပင်စစ်ဆေးရေးဂိတ်တွင် လက်ရှိဆောင်ရွက်နေမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်ရမည့် အနေအထား၊ Quarantine Centre နှင့် Positive Centre တို့အတွက် လိုအပ်သော ရန်ပုံငွေရရှိနိုင်ရေး၊ ကျန်းမာရေးဌာနမှ Test Kit စစ်ဆေးမှုများအား မူဆယ်နှင့် တောင်ကြီးသို့ ပေးပို့နေမှုအခြေအနေနှင့် မြို့နယ်အတွင်းမှ မဖြစ်အနေ ခရီးသွားလာရမည့်သူများ လိုက်နာရမည့် စည်းကမ်းချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
၎င်းနောက်ယခုအခါ ကြံရာသီသို့ရောက်ရှိလာသည့်အတွက် ကြံတောင်သူများ၊ကြံလုပ်ငန်းရှင် များမှ လုပ်ငန်းရပ်တန့်မသွားစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ၎င်းတို့လုပ်ငန်းများ ဆောင်ရွက်ကြ စေရေး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို-ပြန်ဆက်)