ပန်နန်းဒင် ဒီဇင်ဘာ ၁၂
ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့ဒေသရှိ ပြည်သူများအတွက် အနွေးထည်၊ စားသုံးဆီနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီအချိန်က ပန်နန်းဒင်မြို့ရှိ ခါကာဘိုကာဇီ ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပန်နန်းဒင်မြို့အုပ်ချုပ်ရေးမှူးဦးနေမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မချမ်းခ ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဦးသိန်းစိုးက အနွေးထည်နှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် နယ်စပ်ရေးရာ၀န်ကြီးဌာနနှင့်မချမ်းခကုမ္ပဏီတို့မှ ထောက်ပံ့ပေးအပ်သည့် အနွေးထည်(၈၀)၊ စားသုံးဆီ(၁၀၀)ဗူးနှင့် ခေါက်ဆွဲခြောက်(၁၂)ဖာတို့ကို ပန်နန်းဒင်မြို့ အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် တာ၀န်ရှိသူများက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
နောယော်ဘော်(ပြန်/ဆက်)