ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ ပထမ ပင်တွန်စာသင်တိုက်တွင် ရှမ်းပြည်နယ် အစိုးရမှ ဆန်အိတ်များလှူဒါန်း

ကျောက်တလုံးကြီး    ဒီဇင်ဘာ   ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ ပထမ ပင်တွန်စာသင်တိုက်တွင် ရှမ်းပြည်နယ်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆွမ်းများ အခက်အခဲမရှိစေရန်အတွက် ရည်ရွယ်၍ လှူဒါန်းလာသော ဆန်အိတ်များအား ယနေ့နံနက်(၁၀)နာရီခွဲခန့် အဆိုပါ စာသင်တိုက်သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါရှမ်းပြည်နယ်အစိုးရမှ ဆန်အိတ်(၂၀)အိတ်လှူဒါန်းလာရာတွင် ပင်တွန်ကျေးရွာအုပ်စု    အုပ်ချုပ်ရေးမှူး ဦးခွန်ဝိဒူရနှင့် ရပ်မိ၊ရပ်ဖများက ပထမပင်တွန်စာသင်တိုက် ဆရာတော် ဦးဇောတိကထံသို့ ပြန်လည်လှူဒါန်းခဲ့ပြီးနောက် ဆရာတော်အား ဩကာသချိုးဖြင့် ကန်တော့၍ ငါးပါးသီလခံယူကာ ဆရာတော်မှချီးမြှင့်သည့် တရားတော်နာကြားကြကြောင်း သိရသည်။

ယင်း ပထမပင်တွန်စာသင်တိုက် တွင် ရဟန်း(၁၅)ပါး နှင့်သံမဏေ(၄၀)ပါးတို့က သီတင်းသုံး လျက်ရှိကြောင်းသိရသည်။

မြဝင်း(ပြန်/ဆက်)