ပုသိမ် ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စားသောက်ဆိုင်များကို ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်၍ ရောင်းချကြရန်အတွက် ယနေ့နံနက်ပိုင်းက စည်ပင်သာ ယာရေးကော်မတီမှ တာဝန်ရှိသူများက စစ်ဆေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ စားသောက်ဆိုင်များကို ကျန်းမာရေးစံသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် စစ်ဆေးခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးစိုးလွင်နှင့်ဝန်ထမ်းများ၊ စားသောက်ဆိုင်တွင် ပြင်ဆင်ထားရှိရမည့် အချက်များ၊ စားသောက်ဆိုင် ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် အထူးဂရုပြုရမည့် သန့်ရှင်းရေးလုပ်ငန်းများကို အသိပေးရှင်းလင်းပြောကြားသည်။
ထို့အတူ ပုသိမ်မြို့နယ် အမှတ် ၄ နယ်မြေအတွင်းရှိ လမ်းဘေးမုန့်ဆိုင်များနှင့် စားသောက်ဆိုင်များကိုလည်း စစ်ဆေးဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
မြင့်ဟန် (ပုသိမ်ခရိုင်ပြန်/ဆက်)