သပိတ်ကျင်း ဒီဇင်ဘာလ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဒေါင်းပုန်းကျေးရွာမှ COVID-19 အတည်ပြုလူနာ (၁)ဦး၊ ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နေ့လယ်ပိုင်းက သပိတ်ကျင်းမြို့ ပြည်သူ့ဆေး ရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာအုပ်စု ဒေါင်းပုန်းကျေးရွာနေသူသည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ချမ်းမြေ့မွန် ကုန်းစည်ပို့ဆောင်ရေးတွင် လုပ်ငန်းလုပ်ကိုင်ရာမှ နေရပ်သို့ ပြန်ခဲ့ပြီး Home Quarantine ထားရှိရာမှ ရောဂါပိုးတွေ့ရှိသဖြင့် ဒီဇင်ဘာလ ၂ ရက်နေ့က သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသခဲ့ပြီး ကျန်းမာရေး ကောင်းမွန်သဖြင့် ယနေ့ ၁၁ နာရီခွဲခန့် က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁)ဦး တက်ရောက် ကုသလျက်ရှိကြောင်း သိရသည်။
စိုးနိုင်ဝင်း(ပြန်/ဆက်)