မြစ်ကြီးနား ဒီဇင်ဘာ ၁၃
လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကြက်ခြေနီ စေတနာလုပ်အားရှင်များ အသုံးပြုရန် အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (I.C.R.C) မြစ်ကြီးနားရုံးခွဲမှ တာဝန်ခံ Charlotte Nicol နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ဒီဇင်ဘာ ၁၁ ရက် မွန်းလွှဲပိုင်းက ပြည်နယ်ကြက်ခြေနီရုံး အစည်းအဝေးခန်းမ၌ လှူဒါန်း ခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် ကြက်ခြေနီစေတနာ လုပ်အားရှင်များ အသုံးပြုနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (I.C.R.C) မြစ်ကြီးနား တာဝန်ခံ Charlotte Nicol နှင့်တာဝန်ရှိသူများက Hand Gel (၁၂၅)ဗူး၊ Pair of Gloves (၂၅၀၀)စုံ၊ Surgical Mask (၁၈၇၅၀) ပေးအပ်လှူဒါန်းရာ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီး၊ အတွင်းရေးမှူး ဦးနောင်တိန်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း ပြည်နယ်ကြက်ခြေနီရုံးမှ သိရသည်။
စိန်ဝင်း(ပြန်/ဆက်)