ဆဒုံးမြို့ စစ်ရှောင်စခန်းအိမ်ရာသွားလမ်း ကျောက်ချောခင်းခြင်းနှင့် မြေထိန်းနံရံကျောက်စီလုပ်ငန်း ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ဆဒုံး ဒီဇင်ဘာ

ကချင်ပြည်နယ်၊ ဆဒုံးမြို့ စစ်ရှောင်စခန်းအိမ်ရာ သွားလမ်းကျောက်ချောခင်းခြင်းနှင့် မြေထိန်းနံရံ ကျောက်စီလုပ်ငန်း ပြီးစီးမှုအား ယမန်နေ့ နံနက် ၁၀ နာရီချိန်တွင် ဆဒုံးမြို့ စစ်ရှောင်စခန်းနေရာ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇယ်ဂျုံး၊ အမျိုးသားလွှတ်တော် ဦးဇယ်ခေါင်၊ ဝိုင်းမော်မြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၊ ဝိုင်းမော်မြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆဒုံးမြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက လုပ်ငန်းပြီးစီးမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်ချောလမ်းခင်းခြင်းနှင့် မြေထိန်းနံရံလုပ်ငန်းအား နယ်စပ်ရေးရာ ဝန်ကြီးဌာန ၂၀၁၉- ၂၀၂၀ ဘဏ္ဍရေးနှစ် ဖြည့်စွက်ရန် ပုံငွေဖြင့် စစ်ရှောင်အိမ်ရာသွားလမ်း (၁၃၆၀)ပေ ကျောက်ချောလမ်း ခင်းခြင်းနှင့် မြေထိန်းနံရံ (၃၂၅ )ပေ (၁၂) ပေ (၁၀) ပေ ()ပေ ကျောက်စီလုပ်ငန်းကို ကျပ် ( ၇၈ ဒဿမ သန်း) ဖြင့် လုပ်ငန်းဆောက်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဆဒုံးမြို့ စစ်ရှောင်အိမ်ထောင်စုများအား ကိုဗစ်-၁၉ရောဂါ ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန် လွှတ်တော်ကိုယ် စားလှယ်များ၊ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆန်()ပြည် အိတ်(၃၈) အိတ်၊ ပဲ () ပြည်အိတ် (၃၈)အိတ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေါ်တား (ပြန်/ဆက်)