ပင်လောင်း ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း ပြည်တွင်း ပြည်ပမှ နေရပ်သို့ပြန်လာသူများအား အသွား အလာ ကန့်သတ်စောင့်ကြည့်ရေးနေရာ ငါးခုဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ အဆိုပါနေရာများသို့ နေရပ်သို့ပြန်လာသူများအတွက် လိုအပ်သည့် ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
အဆိုပါ ပေးအပ်လှူဒါန်းရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် တောင်သူလယ်သမား ဖွံ့ဖြိုးရေးအဖွဲ့ (ရှမ်းပြည်နယ်)၊ တောင်သူ လယ်သမား များနှင့် မြေယာလုပ်သားများ သမဂ္ဂ (မြန်မာနိုင်ငံ)တို့မှ ပင်လောင်း မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ် စောင့်ကြည့်သည့် နေရာ များတွင် နေရပ်ပြန်များ ပြည်သူများအတွက် စောင်၊ ခြင်ထောင်၊ ခေါင်းအုံးစွပ်၊ အခင်းများ ကိုးစုံ၊ နှာခေါင်းစည်း ၁၀ ဗူး၊ မျက်နှာကာ ၁၀၀ ခု၊ လက်အိတ် လေးဗူးနှင့် အလှူငွေကျပ် သုံးသိန်း ပေးအပ် လှူဒါန်းရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်သိန်းရွှေက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ပင်လောင်း)